no-style

နှမ်းကပ်စေးနဲ လုပ်နည်း January 24, 2026

မမီး ကပ်စေးနဲလုပ်တာမှာ သုံးတဲ့သကြားက coconut sugar ပါ။ စမ်းသုံးကြည့်ချင်လို့ဆိုပြီး ဝယ်ထားတာ။ အခု ကြုံလို့သုံးကြည့်တာ အဆင်ပြေသွားတယ်။ သူက အချိုပေါ့တယ်။

သကြားအဖြူကို သုံးရင် တော်တော်မာသွားတယ်။ သကြားဖြူတော့ မသုံးသင့်။ ထန်းလျက် သို့မဟုတ် သကြားညိုကို သုံးပါ။

အချိုးက အရေးကြီးတယ်။ တယောက်နဲ့ တယောက် သုံးတဲ့ပစ္စည်း မတူတဲ့အခါ ကိုယ်လိုချင်တဲ့ အနေထားရဖို့ ဘယ်လိုညှိသင့်သလဲဆို…

ရလဒ်က အရမ်းပျော့နေရင် ထန်းလျက်/ သကြားမသိမသာပိုထည့်။ အရမ်းမာပြီး၊ မစေးဘဲ ပြတ်ထွက်ရင် maltose/ corn syrup ကို ပိုထည့်ပါ။

အချိုးမှားသွားလည်း အပူပေးပြီး အရည် ပြန်ဖျော်ပြီး ပြန်ပြင်လို့ရပါတယ်။ မမီးတော့ စားချင်တာ စားပြီးလို့ ကျေနပ်သွားပြီ။ သကြားက လူနဲ့ မတည့်တာမို့ သတိထားပြီး ထိမ်းစားကြပါရှင့်။

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #RECIPE ⦿ Sun, 25 Jan 2026 23:16:58 +0000
Previous Post Next Post