no-style

ထမင်းပေါင်းအိုးနဲ့ အုန်းထမင်းရှယ်ချက်နည်း | Burmese Style Coconut Rice with Chicken Curry

နှစ်သစ်မှာ အရသာအရမ်းရှိတဲ့ အုန်းထမင်းနဲ့ ကြက်သားဟင်းချက်နည်းလေး မျှဝေပေးချင်ပါတယ်။ အုန်းထမင်းကို အုန်းနို့ရည်နဲ့ချက်လို့ရသလို အုန်းဆီချက်ချက်ပြီးမှ ထည့်ချက်လို့လည်းရပါတယ်။ ကျမကတော့ ခုချက်ပြထားသလို အုန်းဆီချက်ချက်ပြီးမှ အုန်းထမင်းချက်တာကို ပိုသဘောကျပါတယ်။ ကိုယ့်စိတ်ကြိုက် ချက်နည်းနဲ့ ချက်လို့ရပါတယ်ရှင်။

လိုအပ်ပစ္စည်းစာရင်း

အုန်းထမင်းချက်ရန်အတွက်
-ရွှေဘိုပေါ်ဆန်မွှေး နို့ဆီဗူး ၂ ဗူးခွဲ
-အုန်းနို့ 400 Ml ဗူးကြီး ၁ ဗူး
-ကြက်သွန်နီဥအသေး ၈ ဥ ခန့်
-သကြား ထမင်းစားဇွန်း ၂ ဇွန်း
-ဆား လဖက်စားဇွန်း ၁ ဇွန်းမောက်မောက်
-ဆီ ထမင်းစားဇွန်း ၂ ဇွန်း

ကြက်သားဟင်းချက်ရန်
-ကြက်သား ၈၀ ကျပ်သား
-ကြက်သွန်နီ ဥအကြီး ၃ ဥ
-ကြက်သွန်ဖြူ ၈ မွှာ
-ချင်း လက်သုံးဆစ်ခန့် တစ်တက်
-သစ်ချပိုးခေါက် ၂ ခု
-ကရဝေးရွက် ၆ ရွက်
-ဟင်းမွှေးမဆလာ အနည်းငယ်

ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်
Subscribe လေး နှိပ်ပြီး အားပေးခဲ့ပါအုံးနော်
👇👇👇👇👇
https://www.youtube.com/channel/UCuyNvFLH3HzIr_pLl-Y3VtQ?sub_confirmation=1
—————————————————-

လွယ်ကူရိုးရှင်း အိမ်ချက်ဟင်းလျာများ

ကြက်မွကြော် အလွယ်လုပ်နည်း

ငါးသေတ္တာဗူးနဲ့ မုန့်ဟင်းခါးချက်စားရအောင်

ပုသိမ်ဟာလဝါ မာမာလေးထိုးနည်း

ဆေးဖက်ဝင် ရှောက်ယိုထိုးနည်း

ကတ်ကြေးကိုက် အလွယ်ကြော်နည်း

အရမ်းစားကောင်းတဲ့ ကြက်ဥမွှေကြော်

အသီးအရွက်တွေ ကြာရှည်ခံအောင်

—————————————————-

Music From:
——————–
Audio Library

—————————————————-

🙏🙏🙏
Phyu Home Cooking Channel လေးကို
လာရောက်လည်ပတ်သူအားလုံး
ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ…
🙏🙏🙏

#coconutrice #chickencurry #အုန်းထမင်း
#myanmarfood #burmesefood #food #cooking #homecooking
#recipe #cuisine #phyuhomecooking #easycooking #cook #homemadefood #curry #recipes #dishes #chef

Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ

⦿ #RECIPE ⦿ Mon, 05 Jan 2026 23:17:00 +0000
Previous Post Next Post