မင်္ဂလာပါရှင်။ အလှူပွဲတွေမှာ မပါမဖြစ်တဲ့ ငံပြာရည်ချက်ချက်နည်းလေး မျှဝေပေးချင်ပါတယ်။ စိုစိုအိအိလေးနဲ့ အရမ်းစားကောင်းတဲ့ ငံပြာရည်ချက်ချက်နည်းလေးဖြစ်ပါတယ်။
ငံပြာရည်ကြော်/ ငံပြာရည်ချက် စသဖြင့် အရပ်ဒေသကိုလိုက်ပြီး အခေါ်အဝေါ်ကွဲပြားကြပေမယ့် စားကောင်းတဲ့အရသာကတော့ အတူတူပါပဲရှင်။
ငံပြာရည်ချက်လေးတစ်ခွက်ရှိပြီဆိုရင် တို့စရာလေးရယ်၊ အရည်သောက်လေး တစ်ခွက်ရယ်ဆိုရင် ပြည့်စုံပါပြီ။
ဒီငံပြာရည်ချက်လေးကို ထမင်းလေးနဲ့နယ်ပြီး ကြက်ဉကြော်ပူပူလေးနဲ့ တွဲစားရင်လည်း တအားစားကောင်းပေါ့ရှင်။ ပုစွန်ခြောက်ကချိုချိုလေးရယ် ကြက်သွန်နီများများနဲ့ဆိုတော့ အဲ့က ချိုတာလေးရယ်၊ငရုတ်သီးစပ်စပ်လေးရယ် ငံပြာရည်ရဲ့ ငံတဲ့အရသာလေးရယ်ပေါင်းထားတော့ ချိုချိုငံငံစပ်စပ်လေးနဲ့ တခါတည်းဆွေမျိုးမေ့ပါပဲ။
ထမင်းစားပျက်နေတယ်ဆိုရင် ဒီလိုမျိုးလေးကြော်စားနော်။ ခံတွင်းမြိန်မှာ သေချာပါတယ်။
—————————————————-
Music From:
——————–
Audio Library
—————————————————-



Phyu Home Cooking Channel လေးကို
လာရောက်လည်ပတ်သူအားလုံး
ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ…



#ငံပြာရည်ကြော် #ငံပြာရည်ချက် #ပုစွန်ခြောက်ကြော် #driedshrimp #spicy
#myanmarfood #burmesefood #food #cooking #homecooking
#recipe #cuisine #phyuhomecooking #easycooking #cook #homemadefood #curry #recipes #dishes #chef
Source: မြန်မာနက် ® Myanmar Net ⦿ မြန်မာတို့ရဲ့ ဒစ်ဂျစ်တယ် အိမ်ရာ
⦿ #RECIPE ⦿ Sat, 25 Oct 2025 23:16:58 +0000